ပင်မစာမျက်နှာ
/ ကျန်းမာရေးဆောင်းပါးများ / ရောဂါများနှင့်ကုသမှု /
လေဖြတ်ရောဂါသည် မည်သည့်အသက်အရွယ်တွင်မည်သူမဆို ဖြစ်ပွားနိုင်ပါသည်။

ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်များအရ လေဖြတ်ခြင်းသည် ထိုင်းနိုင်ငံတွင် ကင်ဆာရောဂါပြီးနောက် ဒုတိယသေဆုံးမှု အများဆုံးရောဂါဖြစ်ပါသည်။ လေဖြတ်ခြင်းသည် လူကြီးပိုင်းအရွယ်များတွင်ပို၍အဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။ လေ့လာတွေ့ရှိမှုများအရ ငယ်ရွယ်သူများတွင်လည်းလေဖြတ်ခြင်းသည် ပို၍အဖြစ်များလာပါသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အန္တရာယ်ရှိသောအချက်များကိုသိရှိထားရန် အလွန်အရေးကြီးပါသည်။

လေဖြတ်ခြင်းဆိုတာဘာလဲ။

သင့်ဦးနှောက်တစ်စိတ်တစ်ပိုင်းသို့ သွေးထောက်ပံ့မှုပြတ်တောက်ခြင်း သို့မဟုတ် လျော့နည်းသွားသောအခါ ဦးနှောက်တစ်ရှူးများ၏ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များဆုံးရှုံးသွားသောကြောင့် လေဖြတ်ခြင်းရောဂါ ဖြစ်ပေါ်ခံစားလာရပါသည်။ လေဖြတ်ခြင်းသည် သွေးလွှတ်ကြောပိတ်ဆို့ခြင်း သို့မဟုတ် သွေးကြောပေါက်ပြဲခြင်းများကြောင့် ဖြစ်နိုင်ပါသည်။ လေဖြတ်ခြင်းကြောင့် ဦးနှောက်ဆဲလ်များသည် မည်မျှကြာမြင့်စွာ သွေးစီးဆင်းမှု ပြတ်တောက်သွားသည်နှင့် မည်သည့်အစိတ်အပိုင်းကိုထိခိုက်သွားသည်အပေါ်မူတည်၍ တစ်ခါတစ်ရံတွင် ယာယီ သို့မဟုတ် အမြဲတမ်းမသန်မစွမ်း ဖြစ်သွားစေနိုင်ပါသည်။

Chat with Us


လေဖြတ်ခြင်း၏အကျိုးသက်ရောက်မှုများ

လေဖြတ်ခြင်း၏အကျိုးသက်ရောက်မှုများသည် ထိခိုက်မိသောနေရာနှင့် ဦးနှောက်တစ်သျှူးများအပေါ်တွင်အဓိကမူတည်ပါသည်။

ဘယ်ဘက်ဦးနှောက်

ညာဘက်ဦးနှောက်

ခန္ဓာကိုယ်၏ဘယ်ဘက်ခြမ်းကိုယ်လက်မလှုပ်ရှားနိုင်ခြင်း

ခန္ဓာကိုယ်၏ညာဘက်ခြမ်းကိုယ်လက်မလှုပ်ရှားနိုင်ခြင်း

စကားပြောဆိုနိုင်ခြင်းနှင့်ဘာသာစကားနားလည်နိုင်စွမ် အကွာအဝေး၊ အရွယ်အစားနှင့် အနေအထားကို မဆုံးဖြတ်ပေးနိုင်သောပြဿနာများ
နှေးကွေးသောအပြုအမူပုံစံ လျင်မြန်သွက်လက်ပြီးသိရှိလိုသောအပြုအမူပုံစံ
မျက်လုံးတစ်ဖက်စီ၏ညာဘက်ခြမ်းအမြင်အာရုံဆုံးရှုံးခြင်း မျက်လုံးတစ်ဖက်စီ၏ဘယ်ဘက်ခြမ်အမြင်အာရုံဆုံးရှုံးခြင်း


အကယ်၍ထိခိုက်ပျက်ဆီ:သောနေရာသည် cerebellum နေရာတွင်ဖြစ်ပါက နေ့စဥ်ဆောင်ရွက်လှုပ်ရှားမှုတို့ အပေါ်သက်‌ရောက်မည်ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာ၏ပြင်းထန်မှုအပေါ်မူတည်၍ ဦးနှောက်အတွင်း လေဖြတ်ခြင်းဖြစ်ပွားသည့်အခါ အသက်ရှူခြင်း သို့မဟုတ် နှလုံးခုန်ခြင်းများကိုပါ သက်‌ရောက်မှုရှိစေနိုင်ပါသည်။ လေဖြတ်ခြင်း၏ ပြင်းထန်မှုကို အာရုံကြောဆိုင်ရာချို့ယွင်းချက်များအား စစ်ဆေးတိုင်းတာခြင်းဖြင့် သိရှိနိုင်ပါသည်။


ဖြစ်ပွားရခြင်းအကြောင်းအရင်းများ

လေဖြတ်ခြင်းသည် သက်ကြီးပိုင်းအရွယ်များတွင်သာဖြစ်နိုင်သည်ဟု သင်ထင်ကောင်းထင်နိုင်သော်လည်းငယ်ရွယ်သူများတွင်ပါဖြစ်နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုထားပါသည်။ ဖြစ်ပွားရခြင်းအကြောင်းရင်း(၃) ခုကိုအောက်တွင်ဖော်ပြထားပါသည်။

  1. သွေးကြောများ၏အတွင်းနံရံတွင် အဆီအလွှာများစုပုံလာခြင်းကြောင့်ဖြစ်လာသောရောဂါ (Atherosclerosis)
    လေဖြတ်ခြင်း၏ ၈၀% ခန့်သည် သွေးကြောများ၏အတွင်းနံရံတွင် အဆီအလွှာများ စုပုံလာခြင်းကြောင့် ဖြစ်လာသောရောဂါ (Atherosclerosis) ကြောင့်ဖြစ်ပြီး နှလုံးရောဂါဖြစ်စေသော သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်း နှင့် မာကျောခြင်းဖြစ်စဉ်တို့နှင့် အတူတူပင်ဖြစ်ပါသည်။ ဖြစ်နိုင်ချေရှိသောအချက်များမှာ အသက်အရွယ်၊သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ သွေးကြောဆိုင်ရာရောဂါများနှင့် အဝလွန်ခြင်း တို့ဖြစ်ပါသည်။ အဝလွန်နေသူများတွင်အိပ်ပျော်နေစဥ်ဟောက်ခြင်းသည် လေဖြတ်ခြင်းအတွက်အန္တရာယ်ဖြစ်စေသော အချက်တစ်ချက်ဖြစ်ပြီး ၎င်းသည် ဦးနှောက်ဆီသို့ရောက်ရှိမည့် အောက်ဆီဂျင်ပမာဏကိုလျှော့ချနိုင်ပါသည်။
  2. သွေးခဲပိတ်ဆို့၍လေဖြတ်ခြင်း(Embolic Stroke)
    ခန္ဓာကိုယ်၏မတူညီသောနေရာတစ်ခုတွင် ဖြစ်ပေါ်နေသောသွေးခဲသည် ဦးနှောက်သွေးကြောများဆီသို့ဖြတ်သန်းစီးဆင်းချိန်တွင် အရမ်းကြီးမားနေသောအခါ ဖြစ်နိုင်ခြေရှိသောအချက်များမှာ atrial fibrillation နှလုံးစည်းချက်မမှန်ခြင်း၊ နှလုံးသွေးကြော ဆိုင်ရာရောဂါ၊ နှလုံးကြွက်သားပုပ်ခြင်းနှင့် နှလုံးကြွက်သားထူခြင်းကြောင့် နှလုံးကြီးခြင်း တို့ဖြစ်နိုင်ပါသည်။ ငယ်ရွယ်သူများတွင် လေဖြတ်ခြင်းကို အလွန်အမင်းအားကစား(သို့) ပြင်းထန်သောလှုပ်ရှားမှုပြုလုပ်သူများတွင် တွေ့ရပါသည်။ ဥပမာ – အမြင့်ခုန်ခြင်း(bungee jumping)။ အခြားအန္တရာယ်ရှိသော အချက်မှာ မီးဖွားပြီးနောက် သန္ဓေတားဆေးသောက် နေသော အမျိုးသမီးများဖြစ်ပါသည်။
  3. ဦးနှောက်အတွင်းရှိ သွေးကြောများပေါက်ပြဲခြင်းကြောင့်လေဖြတ်ခြင်း (Hemorrhagic Stroke)
    လေဖြတ်ခြင်း၏ ၂၀% ခန့်သည် ဦးနှောက်အတွင်းရှိ သွေးကြောများပေါက်ပြဲခြင်းကြောင့်လေဖြတ်ခြင်း(Hemorrhagic Stroke) ကြောင့်ဖြစ်ပါသည်။ ဦးနှောက်တွင်းရှိ သွေးကြောများယိုစိမ့်ခြင်း သို့မဟုတ် ပေါက်ပြဲသွားသောအခါ တွင် အဆိုပါလေဖြတ်ခြင်းရောဂါ ဖြစ်ပေါ်ခံစားရပါသည်။ ဦးနှောက်သွေးကြောပေါက်ခြင်းသည် သင်၏ သွေးကြောများကိုထိခိုက်စေသည့် အခြေအနေများစွာကြောင့် ဖြစ်နိုင်ပါသည်။ အရေးကြီးသော အန္တရာယ်အချက်မှာ သွေးပေါင်ချိန်တက်ခြင်း ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

  • မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်များ ထုံကျင်ကိုက်ခဲ၍မလှုပ်ရှားနိုင်ခြင်း
  • စကားပြောခြင်း၊ နားလည်သိရှိခြင်းနှင့် မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်စလုံးတွင် အမြင်အာရုံပြဿနာရှိခြင်း
  • ဆီးနှင့်ဝမ်းမထိန်းနိုင်ခြင်း

 

Chat with Us


အန္တရာယ်ရှိသောအချက်အလက်များ

သွေးကြောများ၏အတွင်းနံရံတွင် အဆီအလွှာများ စုပုံလာခြင်းကြောင့်ဖြစ်လာသောရောဂါ

  • သွေးလွှတ်ကြောများတင်းမာခြင်း၊ ဟေမိုဂလိုဘင်ပါဝင်နှုန်းမြင့်မားခြင်း
  • အဝလွန်ခြင်း၊ မကောင်းသောကိုယ်တွင်းအဆီများခြင်း
  • နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • သွေးပေါင်ချိန်တက်ခြင်း
  • ဆီးချိုရောဂါ
  • သက်ကြီးပိုင်းအရွယ်
  • အီစရိုဂျင်ဟော်မုန်းသုံးခြင်း
  • လူမျိုးစု – အာဖရိကန်-အမေရိကန်တွင် ဖြစ်နိုင်ခြေပိုများပါသည်။
  • လိင် – အမျိုးသားများတွင် ဖြစ်နိုင်ခြေပိုများပါသည်။
  • မိသားစုတွင်နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ဖူးသူများ
    လည်ပင်းကိုပြင်းထန်စွာရစ်ပတ်လိမ်ခြင်း ကဲ့သို့အပြုအမူပါဝင်သည့်လှုပ်ရှားမှုများသည် သွေးလွှတ်ကြောကွဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

မှော်ဝင်နံပါတ် “၄.၅”

လေဖြတ်ခြင်း၏ရောဂါလက္ခဏာများကို လျင်မြန်စွာသိရှိပြီး ဆေးကုသမှုစောလျင်စွာခံယူလေလေ၊ ပြန်လည်ကျန်းမာကြံ့ခိုင်ရေးအောင်မြင်နိုင်ခြေ ပိုများလေလေဖြစ်ပါသည်။ မှော်ဝင်နံပါတ်သည် ၄.၅ နာရီဖြစ်ပါသည်။ ဤအချိန်သည် လေဖြတ်ခြင်း၏ တန်ဖိုးကြီးသောရွှေရောင်အချိန်ကာလဖြစ်ပါသည်။

1) လေဖြတ်ရောဂါလက္ခဏာများစတင်ပြီးနောက် ၄ – ၅ နာရီအတွင်း
ဦးနှောက်နှင့်ပျက်စီးမှုများကို အသေးစိတ်ကြည့်ရှုနိုင်ရန်အတွက် ဆရာဝန်သည် သံလိုက်ဓာတ်မှန်ကို ညွှန်ကြားမည် ဖြစ်ပါသည်။ ဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်းအတွက် ခေတ်မှီစံနှုန်းကုသမှုသည် ကိုယ်တွင်းတစ်ရှူးပြန်လည်ပေါင်းစပ်ခြင်း plasminogen activator (rtPA) ထိုးဆေးဖြစ်ပါသည်။ အဆိုပါအစွမ်းထက်သောသွေးခဲခြင်းကို သက်သာစေသောဆေးသည် လေဖြတ်ခြင်းလက္ခဏာများ စတင်ပြီးနောက် 4-5 နာရီအတွင်းထိုးသွင်းပါသည်။ ဤဆေးသည် လေဖြတ်ခြင်းကိုဖြစ်စေသော သွေးခဲများကို ချေဖျက်ပေးခြင်းဖြင့် သွေးစီးဆင်းမှုကို ပြန်လည်ကောင်းမွန်စေပြီး လေဖြတ်ဖူးသူများကိုလည်း အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။

2) ဆေးရုံသို့ ၄- ၅ နာရီထက်နောက်မကျစေဘဲ ၂၄ နာရီအတွင်းလာရောက်သောလူနာများအတွက်
ဆရာဝန်များသည် သင့်ဦးနှောက်အတွင်းရှိ ပိတ်ဆို့နေသောသွေးကြောထဲသို့ ကိရိယာတစ်ခုကိုထိန်းညှိရန် သွေးလွှတ်ကြောတွင်းသို့ပိုက် (catheter) ကိုအသုံးပြုကာပိတ်ဆို့မှုများနှင့် သွေးခဲများကို ဖယ်ရှားနိုင်ပါသည်။ ဤလုပ်ထုံးလုပ်နည်းသည် rtPA ထိုးဆေးမခံယူလိုသူများအတွက် အထူးအကျိုးရှိစေပါသည်။ ဤကုသမှုကို ရွေးချယ်ထားသောလူနာများအတွက် သင့်လျော်မှုရှိမရှိကို ဓာတ်မှန်အထူးကုဆရာဝန်ကြီးများမှ အကဲဖြတ်ပေးမည်ဖြစ်ပါသည်။


See The Doctor’s Profile


ကုသမှု

ဆရာဝန်သည် သင်၏လုပ်ငန်းဆောင်တာများကို တတ်နိုင်သမျှဆောင်ရွက်နိုင်ပြီး လွတ်လပ်သောနေထိုင်မှုဆီသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် ကူညီပေးမှုကိုအထူးအာရုံစိုက်မည်ဖြစ်ပါသည်။ လေဖြတ်ခြင်း၏ သက်ရောက်မှုသည် ပျက်စီးသွားသောတစ်သျှူးပမာဏနှင့် ဦးနှောက်ဧရိယာပေါ်တွင် မူတည်ပါသည်။ ဆရာဝန်သည် ရောဂါ ပြင်းထန်မှုနှင့် ရောဂါလက္ခဏာများပေါ်မူတည်၍ ကုသမှုကို ရွေးချယ်ပေးမည်ဖြစ်ပါသည်။


သွေးကြောချဲ့ကုသခြင်း

ခွဲစိတ်ဆရာဝန်သည် အများအားဖြင့် သင်၏ပေါင်ခြံရှိသွေးလွှတ်ကြောမှတစ်ဆင့် လည်ပင်းသွေးလွှတ်ကြောများကို ကြည့်ရှုစစ်ဆေးပါသည်။ ဤလုပ်ဆောင်ချက်တွင် ခွဲစိတ်ဆရာဝန်သည် သင့်လည်ပင်းရှိသွေးကြောများဆီသို့ အန္တရာယ်ကင်းစွာကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ထို့နောက် ကျဉ်းနေသောသွေးလွှတ်ကြောများကို ချဲ့ထွင်ရန် အတွက် ပူဖောင်းတစ်လုံးကိုဖောင်းစေပါသည်။ ထို့နောက် ပွင့်နေသော သွေးလွှတ်ကြောကို ထောက်ပံ့ပေးရန် အတွက်အစားထိုးပစ္စည်း stent ကိုထည့်သွင်းနိုင်ပါသည်။


ခွဲစိတ်မှု

ဦးနှောက်အတွင်းရှိ ပိတ်ဆို့နေသောသွေးလွှတ်ကြောများကိုဖွင့်ရန်အတွက် အသေးစားခွဲစိတ်မှုကို ပြုလုပ်နိုင်ပါ သည်။ Bi-plane DSA (Biplane Digital Subtraction Angiography) သည် လေဖြတ်ရောဂါကို ရှာဖွေခြင်းနှင့် ကုသခြင်းတို့အတွက် မရှိမဖြစ်လိုအပ်သော ဦးနှောက်သွေးကြောများအတွင်းသွေးစီးဆင်းမှုကို ပုံဖော်ပေးသော အရာဖြစ်ပါသည်။ ဤနည်းပညာအသစ်ဖြင့် သမားရိုးကျခွဲစိတ်မှုအစား ခွဲစိတ်ရာအနည်းငယ်သာဖြစ်‌နိုင်သော မှန်ပြောင်းဖြင့်သွေးကြောခွဲစိတ်ပြုပြင်ခြင်းလုပ်ငန်းစဉ်များကို အစားထိုး၍ လုပ်ဆောင်နိုင်ပါသည်။ ဆရာဝန်များ သည် ပေါင်ခြံရှိသွေးလွှတ်ကြောတွင်းသို့ပိုက် (catheter) ထည့်ပြီး ၎င်းမှတဆင့်ဦးနှောက်အတွင်းရှိ ပိတ်ဆို့နေသောသွေးကြောထဲသို့ ကိရိယာတစ်ခုကိုထိန်းညှိရန်နှင့် သွေးခဲကိုဖယ်ရှားရန် သို့မဟုတ် သွေးခဲပျောက်ဆေးကို ထိုးသွင်းရန်အတွက် အသုံးပြုနိုင်ပါသည်။


ဆေးဝါးကုသမှု

  • သွေးမခဲဆေး- သွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်သည့်နည်းလမ်းဖြစ်ပြီး သွေး၏ဓာတုပစ္စည်းပါဝင်မှုကို ပြောင်းလဲ ခြင်းဖြင့် သွေးခဲခြင်းကိုကာကွယ်ပေးပါသည်။
  • သွေးကျဲဆေး- သွေးခဲများစုပုံခြင်းကိုလျော့ကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကို ဟန့်တားပေးပါသည်။
  • Calcium channel blockers- သွေးယိုစိမ့်ပြီးနောက် အာရုံကြောကို ကာကွယ်သည့်အရာတစ်ခု အဖြစ် လုပ်ဆောင်ပါသည်။
  • သွေးခဲပျော်ဆေး – သွေးခဲများကိုပျော်ဝင်စေပြီး ဦးနှောက်သို့ သွေးစီးဆင်းမှုကိုပြန်လည်ကောင်းမွန်စေပါသည်။

အကယ်၍လူနာတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် သွေးတွင်းအဆီများခြင်း ကဲ့သို့သော အခြားရောဂါ များရှိပါက ထိုရောဂါအခြေအနေများကို လေဖြတ်ရောဂါကုသမှုနှင့်အတူ ကုသမှုခံယူသင့်ပါသည်။

See The Doctor’s Profile


လေဖြတ်ရောဂါမှပြန်လည်ကျန်းမာသန်စွမ်းရေး

စောစီးစွာပြန်လည်ကျန်းမာသန်စွမ်းရေးလုပ်ငန်းစဥ်များသည် လေဖြတ်ခြင်းဝေဒနာခံစားခဲ့ရသူများအတွက် လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေပြီး တစ်ခါတစ်ရံတွင် သိသိသာသာ ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။စောစီးစွာပြန်လည်ကျန်းမာသန်စွမ်းရေးလုပ်ငန်းစဥ်များကို အထူးကြပ်မတ်ကုသဆောင်တွင် အမြန်ဆုံး စတင်သင့်ပါသည်။ ၎င်းသည် လူနာအားလျင်မြန်စွာပြန်လည်သက်သာကောင်းမွန်လာစေရန်နှင့် အဆုတ်ရောင်ရောဂါ၊ သွေးပြန်ကြောပိတ်ဆို့ခြင်းနှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း စသည့် အခြားသောနောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်အတွက်ကူညီပေးပါသည်။ လူနာနှင့်မိသားစုဝင်များသည် လေဖြတ်‌ရောဂါမှအမြန်ဆုံးသက်သာ ကောင်းမွန်လိုသောရည်မှန်းချက်များ ပြည့်ဝစေရန်အတွက် ဆရာဝန်များ၊ လေဖြတ်ခြင်းဆိုင်ရာကုသမှုကို စီစဥ်ဆောင်ရွက်သူများနှင့်အတူ လက်တွဲလုပ်ဆောင်ရမည်ဖြစ်ပါသည်။

  1. ရုပ်ပိုင်းဆိုင်ရာကုထုံး- လှုပ်ရှားခြင်းနှင့် ကိုယ်နေဟန်ချက်ညီစေခြင်း၊ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းနှင့် အခြားသောလှုပ်ရှားမှုများအတွက် ကြွက်သားများကိုပိုမိုအားကောင်းစေရန် လုပ်ဆောင်ရမည့် လေ့ကျင့်ခန်းများကိုအကြံပြုခြင်း။
  2. လုပ်ငန်းခွင်ကုထုံး- အစာစားခြင်း၊ ရေချိုးခြင်း၊ အဝတ်လဲခြင်း၊ စာရေးခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းစသည့်နေ့စဉ်လုပ်ဆောင်မှုများကို စီစဥ်ဆောင်ရွက်ခြင်း
  3. စကားပြောကုထုံး- ဘာသာစကားကျွမ်းကျင်မှု (စကားပြောခြင်း၊ စာဖတ်ခြင်းနှင့် စာရေးခြင်း) ကို ပြန်လည် လေ့လာပြီး အစာမျိုချခြင်းဆိုင်ရာပြဿနာများကို ကူညီပေးခြင်း
  4. သိမြင်နားလည်မှုဆိုင်ရာလုပ်ဆောင်ချက်- လူနာအား သင်ယူမှု၊ မှတ်သားမှုနှင့် နားလည်မှုစသည့် သိမြင်နိုင်မှုစွမ်း ရည်များကို ကူညီပေးခြင်း
  5. စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ – စိတ်ဓာတ်ကျခြင်းမခံစားရစေရန်နှင့် စိတ်ပိုင်းဆိုင်ရာတက်ကြွမှုရှိစေရန် ကူညီပံ့ပိုးမှု

 

Chat with Us


လေဖြတ်ခြင်း၏ပြင်းထန်မှုနှင့် လူနာ၏ပြန်လည်နာလန်ထကျန်းမာနိုင်စွမ်းသည် အတော်လေးခြားနားပါသည်။လေဖြတ်ရောဂါမှပြန်လည်ကျန်းမာသန်စွမ်းရေးရည်ရွယ်ချက်မှာ လေဖြတ်ခြင်းကြောင့် ဦးနှောက်အစိတ်အပိုင်းကိုထိခိုက်မိသောအခါ လူနာများအနေဖြင့် ဆုံးရှုံးသွားသောစွမ်းရည်များကို ပြန်လည်လေ့လာနိုင်ရန်အတွက် ကူညီပေးရန်ဖြစ်ပါသည်။ ဆရာဝန်သည် လူနာတစ်ဦးစီအတွက် သင့်လျော်သောကုသမှုအစီအစဉ်ကို ဆုံးဖြတ်မည် ဖြစ်ပါသည်။


လေဖြတ်ခြင်းရောဂါစစ်ဆေးခြင်း- ပိတ်ဆို့ခြင်းများကိုစောစီးစွာသိရှိစေနိုင်ခြင်း

လေဖြတ်နိုင်ခြေ အကြောင်းရင်းများကိုသိရှိခြင်း၊ ဆရာဝန်၏ အကြံပြုချက်များကို လိုက်နာခြင်းနှင့် ကျန်းမာသောနေထိုင်မှုပုံစံများအတိုင်း ကျင့်သုံးနေထိုင်ခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်ရန်အတွက် လုပ်ဆောင်နိုင်သော အကောင်းဆုံးအဆင့်များဖြစ်ပါသည်။ ထို့အပြင် စစ်ဆေးမှုများသည် မူမမှန်မှုကို စောစီးစွာသိရှိစေရန်အတွက်ကူညီပေးနိုင်ပါသည်။


ဦးနှောက်သွေးကြောများကို အာထရာဆောင်းဖြင့်စစ်ဆေးခြင်း (TCD)

၎င်းသည် ဦးနှောက်အတွင်းသွေးလှည့်ပတ်မှုကိုစစ်ဆေးရန် အသုံးပြုသည့် ခွဲစိတ်ခြင်းမဟုတ်သော အာထရာဆောင်းရိုက်နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဦးနှောက်သွေးကြောများကို အာထရာဆောင်းဖြင့်စစ်ဆေးခြင်း (TCD) ဆောင်ရွက်နေစဥ်ကာလအတွင်း နားမကြားနိုင်သော အသံလှိုင်းများသည် ဦးခေါင်းခွံ၏ တစ်ရှူးများမှတစ်ဆင့်ကူးပြောင်းပေးပြီး အဆိုပါအသံလှိုင်းများသည် သွေးကြောများအတွင်း ရွေ့လျားနေသော သွေးဆဲလ်များကိုထင်ဟပ်စေပြီး ဓာတ်မှန်အထူးကုဆရာဝန်ကြီးများသည် ၎င်းတို့၏ အမြန်နှုန်းနှင့် ဦးတည်ရာကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး အသံလှိုင်းများကို ကွန်ပြူတာစခရင်ပေါ်တွင် မှတ်တမ်းတင်ပြီး ပြသထားပါသည်။


လည်ပင်းသွေးကြောမကြီးကိုအာထရာဆောင်းရိုက်စစ်ဆေးခြင်း

လည်ပင်းသွေးကြောမကြီးသည် လည်ပင်းသွေးကြောနှင့် ကျောရိုးသွေးလွှတ်ကြောများမှတစ်ဆင့် သွေးများကောင်းစွာစီးဆင်းကြောင်းကိုပြသသည့် အာထရာဆောင်းစစ်ဆေးမှုတစ်ခုဖြစ်ပါသည်။ သွေးကြော နှစ်ခုစလုံးသည် လည်ပင်းတွင်ရှိပြီး ဦးနှောက်ဆီသို့တိုက်ရိုက် သွေးထောက်ပံ့ပါသည်။ ၎င်းသည် လေဖြတ်နိုင်ခြေ ရှိသောအဆီခဲများ၊ သွေးကြောများပိတ်ဆို့ခြင်း သို့မဟုတ် ကျဉ်းမြောင်းခြင်း တို့ကိုသိရှိနိုင်ပါသည်။

လေဖြတ်နိုင်ခြေအကြောင်းရင်းများကိုသိရှိခြင်း၊ ဆရာဝန်၏အကြံပြုချက်များကိုလိုက်နာခြင်းနှင့် ကျန်းမာသော နေထိုင်မှုပုံစံများအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်းသည် လေဖြတ်ခြင်းကိုကာကွယ်ရန်အတွက် အကောင်းဆုံး နည်းလမ်းများဖြစ်ပါသည်။ ဘန်ကောက်ဆေးရုံကြီးသည် လေဖြတ်ရောဂါကို စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ဖြစ်နေသော ဝေဒနာရှင်များအတွက် ရောဂါရှာဖွေမှု၊ ကုသမှုနှင့် ပြန်လည်ကျန်းမာကောင်းမွန်လာမှုတစ်လျှောက်လုံးကို အထူးဂရုစိုက်စောင့်ရှောက်ပေးလျက်ရှိပါသည်။

 

Chat with Us

.